ထန်းတပင် အလုပ်သမားဆေးရုံကြီးမှ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုံရှိ Best-A Garment Co;Ltd.. အထည်ချုပ်စက်ရုံသို့ ကွင်းဆင်းဆေးကုခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပခဲ့ခြင်း

ရန်ကုန်မြို့ ၊ နိုဝင်ဘာ လ (၁၀) ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့၊ ထန်းတပင်အလုပ်သမားဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာရာဇာဌေး နှင့်အဖွဲ့သည် ၁၀-၁၁-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်းပန်း စက်မှုဇုန်ရှိ Best-A Garment Co;Ltd.. အထည်ချုပ်စက်ရုံသို့ သွားရောက်၍ ကွင်းဆင်းဆေး ကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါစက်ရုံရှိ အာမခံအလုပ်သမားစုစုပေါင်း(၃၇၅) ဦးအား ဆေးကုသမှုပြုလုပ်ပေးခဲ့ပြီး ကျန်းမာရေးနှင့်ပတ်သက်သော သိကောင်းစရာများအား ဟောပြောခဲ့ပါသည်။