လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း အမှတ်စဉ် (၂/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ စက်တင်ဘာလ ၂၆ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းခွင်ဝင်အကြိုသင်တန်းအမှတ်စဉ် (၂/၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၆-၉-၂၀၁၈ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ သုတေသနနှင့်စီမံကိန်းဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး၊ သင်တန်းတာဝန်ခံမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် သင်တန်းစည်းကမ်းချက်များ ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းကို ၂၆-၉-၂၀၁၈ ရက်နေ့မှ ၅-၁၀-၂၀၁၈ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား/ သင်တန်းသူ(၅၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်း အနားကို နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။