Insurance Monthly Report Excel သင်တန်းအမှတ်စဉ် (၂/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဩဂုတ် လ ၂၆ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ Insurance Monthly Report Excel သင်တန်းအမှတ်စဉ် (၂/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၆-၈-၂၀၁၉ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာ အိအိစိုးထွန်းမှ သင်တန်းတွင်သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး အဆိုပါသင်တန်းကို ၂၆-၈-၂၀၁၉ ရက်နေ့မှ ၃၀-၈-၂၀၁၉ ရက်နေ့အထိ သင်ကြားပေးသွား မည် ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်း သား/ သင်တန်းသူ (၅၆)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၀:၃၀) နာရီအချိန် တွင် ရုတ်သိမ်းခဲ့ပါသည်။