မန္တလေးအလုပ်သမားဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခြင်း

မန္တလေး၊ ဇွန်လ ၆ ရက်
မန္တလေးအလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်နွဲ့ဌေး ဦးဆောင်သော အထူးကုကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၆-၆-၂၀၁၇ ရက်နေ့ နံနက် ၀၉:၃၀ နာရီ တွင် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မန္တလေးစက်မှုဇုန်ရှိ လပ်ကီးဂျယ်လီစားသောက်ကုန်လုပ်ငန်းစက်ရုံသို့ သွားရောက်၍ ဆေးကုသမှုပြုလုပ်ခဲ့ပါသည်။
အဆိုပါ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသရာတွင် တပ်မတော်သားရေ စက်ရုံရှိ အာမခံအလုပ်သမား ကျား (၄၄) ဦး ၊ မ (၆၈) ဦး စုစုပေါင်း (၁၁၂) ဦးကို ဆေးကုသမှု ပေးခဲ့ပြီး လူနာ(၆)ဦးကို မန္တလေးအလုပ်သမားဆေးရုံကြီးသို့ ဆေးရုံအတွင်းလူနာအဖြစ် ကုသမှု ပေးရန်လွှဲပြောင်းခဲ့ပါသည်။
အဆိုပါ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအဖွဲ့တွင် ဆေးရုံအုပ်ကြီး ဆေးပညာခွဲစိပ် သားဖွားနှင့်မီးယပ်၊ မျက်စိ၊ နားနှာခေါင်းလည်ချောင်း၊ အရိုးနှင့် ထိခိုက်ဒဏ်ရာ ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်းဆရာဝန် အကြောအဆစ် ဆေးဘက်ဓာတ်ခွဲ ကျွမ်းကျင်များ သူနာပြုများ စုစုပေါင်း ကျန်းမာရေး ဝန်ထမ်း အင်အား(၃၀) ပါဝင်ပါသည်။
ဆေးရုံအုပ်ကြီးနှင့်အဖွဲ့သည် အာမခံအလုပ်သမားများကို ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

မန္တလေး အလုပ်သမား ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ၆-၆-၁၇ ရက်နေ့တွင်
လပ်ကီးဂျယ်လီ စားသောက်ကုန်လုပ်ငန်းစက်ရုံသို့ ကွင်းဆင်း ဆေးကုသမှု မှတ်တမ်း
SSB-Mandalay1

SSB-Mandalay2