၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း

နေပြည်တော်၊ မတ် လ ၂၉ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၉-၃-၂၀၁၇ ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေး အဖွဲ့(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်အေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သစ်ထုတ်လုပ်ရေး(တောင်)ဌာနမှ အာမခံအလုပ်သမား ဦးမောင်ချင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေ ကျပ် ၄,၉၅၀,၀၀ဝိ/ (ကျပ်လေးဆယ့်ကိုးသိန်းငါးသောင်းတိတိ) နှင့် Max Myanmar Co.,ltd မှ အာမခံအလုပ်သမား ဦးကျော်အေးမင်း၏ ကျောက်ကပ်ဆေးခြင်းအတွက် ဆေးဖိုးကုန်ကျငွေ ကျပ် ၁,၄၉၇,၃၁ဝိ/(ကျပ်တစ်ဆယ့်လေးသိန်းကိုးသောင်းခုနစ်ထောင်သုံးရာ့တစ်ဆယ်တိတိ)အား ခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများကိုယ်စား သစ်ထုတ်လုပ်ရေး(တောင်)ဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်မြင့်ဌေးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁၂:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

Insurance1

Insurance2

Insurance3