ထန်းတပင် အလုပ်သမားဆေးရုံမှ လှိုင်သာယာမြို့နယ်၊ ရွှေလင်းပန်းစက်မှုဇုန်ရှိ Hong Tex အထည်ချုပ်စက်ရုံသို့ ကွင်းဆင်းဆေးကုသမှုနှင့် ပညာပေးဟောပြောပွဲအခမ်းအနား

ရန်ကုန်တိုင်းဒေသကြီး၊ မေလ ၂၅ ရက်
အလုပ်သမားဆေးရုံ(ထန်းတပင်)မှ လက်ထောက်ဆရာဝန်ဒေါက်တာရာဇာဌေး ဦးဆောင်သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် မြို့နယ်လူမှုဖူလုံရေးရုံး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန် ရုံးခွဲမှ နယ်မြေတာဝန်ခံ ဒုတိယဦးစီးမှူးတို့နှင့် ပူးပေါင်း၍ ၂၅-၅-၂၀၁၈ ရက်နေ့ နံနက် (၉:၂၀) နာရီ တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ Hong Tex အထည်ချုပ်စက်ရုံမှ အာမခံအလုပ် သမား(၂၂၉)ဦးကို ကွင်းဆင်းဆေးကုသမှု ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းဆေးကုသမှုနှင့် ပညာပေးဟောပြောပွဲအခမ်းအနားတွင် အလုပ်သမား ဆေးရုံ၊ ထန်းတပင်မှ လက်ထောက်ဆရာဝန်များမှ ကျန်းမာရေးနှင့်ပတ်သက်သော သိကောင်းစရာ များအား အာမခံအလုပ်သမားလူနာ တစ်ဦးချင်းအလိုက် သိရှိနိုင်ရန် ပညာပေးပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို ညနေ(၂:၄၅) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။