လူမှုဖူလုံရေးအဖွဲ့
လူတိုင်းလူတိုင်းသည်လောကဓမ္မတာအရ မမာမကျန်းမှု၊မီးဖွားမှု၊အလုပ်ခွင်ထိခိုက်ဒဏ်ရာရမှု၊ အလုပ်လက်မဲ့ ဖြစ်မှု၊ အသက်အရွယ်ကြီးရင့်မှု၊သေဆုံးမှုစသည့် လူမှုအန္တရာယ်များကို တစ်နေ့နေ့တစ်ချိန်ချိန်တွင် မလွဲမသွေတွေ့ကြုံရင်ဆိုင် ကြရမြဲဖြစ်သည်။ ဤသို့ လူမှုအန္တရာယ်များတွေ့ကြုံသည့်အခါလုပ်ခဝင်ငွေ တစ်ခုတည်းကိုသာ အားထားနေရသည့် အလုပ်သမားများဝင်ငွေလျော့နည်း ရပ်စဲခြင်းကြောင့် ၎င်းနှင့်တကွ ၎င်း၏မှီခိုသူမိသားစုများသည် အတိဒုက္ခရောက်ကြရပါသည်၊ယင်းသို့လူမှုဒုက္ခများနှင့် တွေ့ကြုံရသည့် အခါတွင် အာမခံစနစ်အပေါ်အခြေခံပြီး အခမဲ့ဆေးဝါးကုသပေးခြင်း နှင့် ငွေကြေးထောက်ပံ့ပေးခြင်းဖြင့် အကာအကွယ်ပေးခြင်းသည် လူမှုဖူလုံရေးစနစ်၏ အခြေခံသဘောတရားပင် ဖြစ်ပါသည်။

အခက်အခဲရှိပါက ဆက်သွယ်သတင်းပို့ရန်