လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပို့ချမှု အခြေအနေ

လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် (OSH Management System) အားဆွေးနွေးပို့ချခြင်း၊ စက်ရုံ ၊ အလုပ်ရုံများတွင် ဖြစ်ပွားခဲ့သည့် မတော်တဆထိခိုက်မှု များနှင့် ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များ ရှင်းလင်းဆွေးနွေးခြင်း

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးဝင်းရှိန် ၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်းစိန် (အလုပ်ရုံ) နှင့် ဦးစီးအရာရှိ ဦးဥက္ကာသိန်း တို့သည် ၂၇-၁-၂၀၁၂ ရက်နေ့တွင် ရွှေပြည်သာစက်မှုဇုန် ၊ စီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမ၌ လုပ်သား (၅၀) ဦး အား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးစီမံခန့်ခွဲမှုစနစ် (OSH Management System) အား ဆွေးနွေးပို့ချခြင်း၊ စက်ရုံ၊ အလုပ်ရုံများ တွင် ဖြစ်ပွားခဲ့သည့် မတော်တဆ ထိခိုက်မှုများနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန် အချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

အလုပ်သမားဥပဒေရေးရာ အသိပညာပေးဆွေးနွေးပွဲ

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊လှိုင်သာယာမြို့နယ်ရုံးမှ ဦးစီးအရာရှိ(အလုပ်သမားဥပဒေ စစ်ဆေးရေး) ဦးအောင်နိုင် သည် ၁၁-၂-၂၀၁၂ ရက်နေ့တွင် စက်ရုံ(၁၃)ရုံ ၊ ဆိုင်နှင့်အလုပ်ဌာန(၅)ဌာန မှ ပိုင်ရှင်/မန်နေဂျာ/Super/Leader (၃၅)ဦး အား အလုပ်သမားဥပဒေရေးရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

အလုပ်သမားရပိုင်ခွင့်နှင့်ဥပဒေရေးရာကိစ္စရပ်များ

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးမှ ဦးစီးအရာရှိ (အလုပ်သမားဥပဒေစစ်ဆေးရေး) ဦးစံဝင်း သည် ၂၃-၁-၂၀၁၂ ရက်နေ့တွင် လင်းအောင်အအေးခန်း စက်ရုံမှ လုပ်သား(၁၂၃)ဦး နှင့် မရိန်းအအေးခန်း စက်ရုံမှ လုပ်သား (၂၅၀) ဦး တို့အား အလုပ်သမားရပိုင်ခွင့်နှင့် ဥပဒေရေးရာကိစ္စရပ်များ ဆွေးနွေးပို့ချခဲ့ပါသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)(အရှေ့ပိုင်း) နှင့် (ဆိပ်ကမ်း)မြို့နယ်များရှိ စက်မှုဇုန်များ
ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိအလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ၊ သင်တန်းခန်းမတွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်းစိန် ၊ ဦးစီးအရာရှိ(အလုပ်ရုံ) ဦးလှမျိုးအောင် တို့မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြို့နယ် နှင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်သား ဦးရေ(၃၈)ဦး တို့အား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးကော်မတီဖွဲ့စည်းပြီး၊ စက်ရုံ၊အလုပ်ရုံများတွင် ဖြစ်ပွားခဲ့သည့် မတော်တဆ ထိခိုက်မှုများ၊ လုပ်ငန်းခွင်၌ ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပါသည်။

မြောက်ဥက္ကလာပစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး၊
အစည်းအဝေးခန်း
ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်ရုံနှင်‌့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူး (အလုပ်ရုံ) ဦးစိုးဝင်းစိန် နှင့် ဦးစီးအရာရှိ(စီမံ-၂) (အလုပ်ရုံစစ်ဆေးရေး) ဦးစောဌေးမြင့်ဦး သည် (၁၃-၁-၂၀၁၂) ရက်နေ့တွင် မြောက်ဥက္ကလာပစက်မှုဇုန် ၊ စီမံခန့်ခွဲရေး ကော်မတီရုံးရှိ အစည်းအဝေးခန်းမ၌ မြောက်ဥက္ကလာပစက်မှုဇုန် နှင့် ရွှေပေါက္ကံစက်မှုဇုန်မှ လုပ်ငန်း ပိုင်ရှင်/မန်နေဂျာ(၃၂)ဦး တို့အား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်(၂)
ဧရာရွှေဝါပဲသန့်စင်စက်ရုံ
ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်) မှ ဦးစီးအရာရှိ(စီမံ-၃)(အလုပ်ရုံစစ်ဆေးရေး) ဦးစိုးသိန်း နှင့် ဦးစီးအရာရှိ(စီမံ-၂) (အလုပ်ရုံစစ်ဆေးရေး) ဦးစည်သူအောင် သည် (၁၁-၁-၂၀၁၂) ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်(၂) ဧရာရွှေဝါပဲသန့်စင်စက်ရုံ၌ လုပ်သားဦးရေ (၈၃)ဦး တို့အား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဆူညံသံအန္တရာယ်နှင့် ထိန်းချုပ် ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။