ကံကောင်းခြင်း ရတနာထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမီတက်အထပ်သားစက်ရုံ၏ အလုပ်သမားရေးရာ ဖြေရှင်းပြီးစီးမှုအခြေအနေ

ကျောက်ဆည်စက်မှုဇုန် ရှိ ကံကောင်းခြင်း ရတနာထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမီတက်အထပ်သားစက်ရုံ၏ အလုပ်သမားရေးရာ ဖြေရှင်းပြီးစီးမှုအခြေအနေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘဲလင်းကျေးရွာရှိ ဦးကျော်စိန် ပိုင် ကံကောင်းခြင်း ရတနာထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမီတက် အထပ်သား စက်ရုံတွင် နေ့စား/ ပုတ်ပြတ်/လစား ဝန်ထမ်း ကျား (၁၂၁၄)ဦး၊ မ(၆၃၂)ဦး၊ ပေါင်း(၁၈၄၆)ဦး လုပ်ကိုင်လျှက်ရှိပြီး (၁၆.၇.၂၀၁၂)ရက်နေ့၊ နံနက်(၉:ဝဝ)နာရီတွင် အလုပ်သမား (၄၈)ဦး လုပ်ခလစာ တိုးမြှင်‌့ တောင်းခံခြင်းကိစ္စနှင့် ပတ်သက်၍ အလုပ်သမားများ တောင်းဆိုချက်(၈)ချက် တောင်းဆိုခဲ့ပြီး လုပ်ငန်းခွင်ဝင်ရောက်ခြင်း မရှိဘဲ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါ၍ ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံး၊ အလုပ်ရုံနှင်‌့ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံး၊ စဉ့်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ခေါင်းဆောင်သော မြို့နယ်အငြင်းပွားမှု ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တို့သည် စက်ရုံသို့ သွားရောက်ဖြေရှင်းပေးခဲ့ရာ တောင်းဆိုသည့် အချက်(၈)ချက်အားလုံး ညှိနှိုင်းဖြန်ဖြေမှု ရရှိခဲ့ပြီး (၁၇:ဝဝ)နာရီတွင် မြို့နယ်အငြင်းပွားမှု ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဝင်များ ရှေ့မှောက်တွင် နှစ်ဘက် သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။