လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး ဥပဒေအသစ်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ အသစ်ရေးဆွဲလျှက်ရှိသော လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်‌ကျန်းမာရေး ဥပဒေ အသစ်တွင် ကျန်းမာရေးဆောင်ရွက်နေသည့်‌ အခြားဌာနများ၏ ဥပဒေ၊ နည်းဥပဒေ များနှင့်‌ ရောထွေးမှု မရှိစေရန်နှင့်‌ ပိုမို ပြည့်စုံရေး အတွက် ဆွေးနွေး အကြံပြုချက်များပေးနိုင်ရန်အတွက် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းရှိန် ဦးစီး၍ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများအား ဖိတ်ခေါ်၍ ဆွေးနွေးညှိနှိုင်းပွဲကို ၁၁.၇.၂၀၁၂ ရက်နေ့၊ (၁၀းဝ၀) နာရီမှ (၁၄းဝ၀)နာရီထိအလုပ်ရုံနှင့်‌အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ်၊ အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါ ညှိနှိုင်း ဆွေးနွေးပွဲမှ ဆွေးနွေးချက်၊ အကြံပြုချက်များအား မှတ်တမ်းတင်ထားပြီး လိုအပ်သည်များကို လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့်‌ ကျန်းမာရေး ဥပဒေအသစ် တွင် ပြင်ဆင် ဖြည့်စွက် ရေးဆွဲသွားမည် ဖြစ်ပါသည်။


အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ၊ (မရမ်းကုန်း) အစည်းအဝေး ခန်းမ၌ (၁၁.၇.၂၀၁၂) ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် ဦးဆောင်ပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး ဆိုင်ရာ ဥပဒေ (မူကြမ်း)ရှင်းလင်းဆွေးနွေးစဉ်