လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေလေ့လာတိုင်းတာအကဲဖြတ်ခြင်းဆိုင်ရာ ဆောင်ရွက်ချက်များ

လှိုင်သာယာမြို့နယ် ၊ရှေွလင်ဗန်းစက်မှုဇုန်ရှိ စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးညှွန်ကြားမှုများ
Published on: Jul 13, 2012
အလုပ်သမားဝန်ကြီးဌာန ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (စီမံ-၂) (အလုပ်ရုံ စစ်‌ဆေးရေး) ဦးစည်သူအောင်သည် (၁၀.၇.၂၀၁၂)ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ ရှေွလင်ဗန်း စက်မှုဇုန်ရှိ ၊ မြန်မာ့ဂုဏ်ရည် ဆေးဆိုးပန်းရိုက် စက်ရုံ ၊ သိန်းကမ္ဘာ ပီနံအိတ် အိတ်စက်ရုံ ၊ အာရုဏ်ဦး ပီနံအိတ် စက်ရုံ၊ စိန်ငွေ မြ ကြက်အူချောင်း စက်ရုံ နှင့် ချယ်ရီ အထည်ချုပ်စက်ရုံများသို့လည်းကောင်း၊ ဦးစီးအရာရှိ (စီမံ-၃)(အလုပ်ရုံစစ်‌ဆေးရေး) ဦးဥက္ကာသိန်း နှင့် ဦးစီးအရာရှိ (စီမံ-၂) (အလုပ်ရုံစစ်‌ဆေးရေး) ဦးစောဌေးမြင့်ဦးတို့သည် မင်္ဂ္လာဒုံမြို့နယ် ၊ ရန်ကင်းမြို့နယ် နှင့် သင်္ဃ္န်းကျွန်းမြို့နယ်ရှိ Myanmar Posco Steel စက်ရုံ ၊ မင်းထွန်းထီးစက်ရုံ ၊ YQL ငါးအအေးခန်းစက်ရုံ ၊ မုတ္တမပင်လယ်ငါးအအေးခန်းစက်ရုံ ၊ Top Strong Painting စက်ရုံများသို့ သွားရောက်၍ လုပ်ငန်းခွင် လေဝင်လေထွက် ၊ အလင်းရောင် ၊ ဆူညံသံ ပမာဏ နှင့် အပူချိန် အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးတိုင်းတာမှုများ ဆောင်ရွက်ပြီး ညှွန်ကြားချက်များ ၊ အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါသည်။
ညှွန်ကြားချက်များ
(က) လေဝင်လေထွက်ညံ့သော လုပ်ငန်းခွင်များ နှင့် အပူဒဏ်များသော လုပ်ငန်းခွင်များ တွင် လေဝင်လေထွက် ကောင်းမွန်စေရန် နှင့် အပူ သက်သာစေရန် လေစုပ်ပန်ကာ (Exhaust Fan)များ တပ်ဆင်ပေးရန် နှင့် လေဝင်လေထွက်အပေါက်များ ဖွင့်ထား ပေးရန် ၊
(ခ ) အလင်းရောင် အားနည်းသော လုပ်ငန်းခွင်များ၌ အလင်းရောင် လုံ လောက်စွာ ရရှိရန် လျှပ်စစ်မီးချောင်းများ ထပ်မံ တိုးချဲ့တပ်ဆင်ရန် ၊

အကြံပြုချက်
(က) ဆူညံသံများသော လုပ်ငန်းခွင်များတွင် အလုပ်သမားများအတွက် နားအဆို့ (ear plug)များ လုံလောက်စွာ ထုတ်ပေး၍ ဝတ်ဆင် လုပ်ကိုင်စေရန် နှင့် လိုအပ်ပါက အလုပ်သမားများကို အလှည့်ကျ စနစ်ဖြင့် ခိုင်းစေရန် ၊

ရန်ကင်းမြို့နယ် ၊ ပြည်တော်အေး လမ်းရှိ မင်းထွန်းထီးစက်ရုံ၌ လုပ်ငန်းခွင် ‌လေဝင်လေထွက် တိုင်းတာနေပုံ

Myanmar Posco Steel သွပ်ပြားစက်ရုံ၌ လုပ်ငန်းခွင်ဆူညံသံတိုင်းတာနေပုံ

Myanmar Posco Steel သွပ်ပြားစက်ရုံ၌ လုပ်ငန်းခွင်ဆူညံသံတိုင်းတာနေပုံ