အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ၊ အလုပ်သမားအဖွဲ့အစည်းဥပဒေတို့နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာကျင့်စဉ်များ ဆွေးနွေးပို့ချမှု


Published on: Jul 10, 2012

အလုပ်သမားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အလုပ်သမားအဖွဲ့အစည်းဥပဒေတို့နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာကျင့်စဉ်များ ဆွေးနွေးပို့ချမှု အား ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း ကျောင်း အစည်းအဝေးခန်းမတွင် ၉-၇-၂၀၁၂ ရက်နေ့ နံနက် (ဝ၈:၄၅)နာရီ တွင် ကျင်းပ ခဲ့ပါသည်။ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၊ အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်း၊ ခုံသမာဓိကောင်စီဝင် (၁၄)ဦး၊ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ဝင်(၅)ဦး၊ ပဲခူးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ဝင် (၉)ဦး ၊ ရန်ကုန် တိုင်းဒေသကြီး မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အတွင်းရေးမှူး (၁၆)ဦး တို့ တက်ရောက်ခဲ့ကြပါသည်။
ILO ဆက်သွယ်ရေးရုံးမှ ကျွမ်းကျင်သူ Mr. James Ross Wilson မှ အလုပ်သမားအဖွဲ့အစည်း ဥပဒေ၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ တို့နှင့်သက်ဆိုင်သည့် ကောက်နုတ်ချက် များ၊ အပြည်ပြည်ဆိုင်ရာကျင့်စဉ်များ အား အကျယ်တဝင့်ဆွေးနွေးပို့ချခဲ့ပါသည်။ တက်ရောက် လာသူများမှ မေးမြန်းခြင်းများအား Mr. James Ross Wilson မှ ရှင်းလင်းဖြေကြားပါသည်။ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ် များမှ အငြင်းပွားမှုဖြေရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ သင်တန်းပေးခြင်းများ ပြုလုပ်ပေးရန်လိုအပ်ကြောင်း တိုက်တွန်းရာ သြစတြေးလျနိုင်ငံ နှင့် နယူးဇီလန်နိုင်ငံတို့မှ ကျွမ်းကျင်သူများ ခေါ်ယူပြီး သင်တန်းများပေးခြင်း၊ ဆွေးနွေးပွဲများပြုလုပ်ပေးရန် အစီအစဉ် ရှိသည်များကို ရှင်းလင်းပြောကြားခဲ့ကြ‌ကြောင်း သတင်းရရှိပါသည်။


အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး အမှာစကားပြောကြားစဉ်


ILO ဆက်သွယ်ရေးအရာရှိရုံးမှ နည်းပညာကျွမ်းကျင်သူ Mr. Ross Wilson အလုပ်သမား ဥပဒေဆိုင်ရာရှင်းလင်းဆွေးနွေးစဉ်


ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ


ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းစဉ်


ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းစဉ်


ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းစဉ်