ခုံသမာဓိကောင်စီ၏ Myanmar Synergy Garment Co.,Ltd နှင့် ဒေါ်ဝါဝါခိုင် တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၄၀/၂၀၁၈)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဒီပဲယင်းဝန်ထောက်ဦးမြဲလမ်း၊ အမှတ် (၁၈/၁၉) ရှိ Myanmar Synergy Garment Co.,Ltd ပိုင်ရှင် ဦးမင်းဂေါင်ဦး၊ ဦးဇော်နိုင်စိုး (HR & AdminManager)(အလုပ်ရှင်၏ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် အလုပ်သမား ဒေါ်ဝါဝါခိုင် တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိ အဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိ ကောင်စီသို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဌ ဒေါ်စန်းစန်း အဖွဲ့ဝင်များ ဖြစ်သော ဦးသန်းမောင် နှင့် ဦးသိန်းကြွယ် တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၄၀/၂၀၁၈) ဖြင့် ၁၈-၆-၂၀၁၈ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်− အပြည့်အစုံသိရှိနိုင်ပါရန်... (221)