ခုံသမာဓိကောင်စီ၏ Dong Yu Garment Co.,Ltd အထည်ချုပ်စက်ရုံ နှင့် ဒေါ်မိုးမိုးအောင် တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၂၇/၂၀၁၈)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မီးသတ်ကန်လမ်း၊ အမှတ် (၄၅၆) ရှိ Dong Yu Garment Co.,Ltd အထည်ချုပ်စက်ရုံ ပိုင်ရှင် Mr. Liang Yong (MD) နှင့် ဒေါ်မိုးမိုးအောင် တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီ သို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးအောင်သန်း အဖွဲ့ဝင်များဖြစ်သော ဒေါက်တာစောယုဝင်း နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၂၇/၂၀၁၈) ဖြင့် ၃၀-၄-၂၀၁၈ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်-အပြည့်အစုံသိရှိရန်... (223)