ခုံသမာဓိကောင်စီ၏ Success Time International Co.,Ltd ဖိနပ်စက်ရုံ နှင့် ဒေါ်အေးအေးနွယ်(​ဒေါ်ခင်အေးနွယ်) ပါ (၄၈) ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၁၉/၂၀၁၈)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဦးအောင်သူလမ်း၊ အမှတ် (၂၄၆/N-2) ရှိ Success Time International Co.,Ltd ဖိနပ်စက်ရုံ ပိုင်ရှင် ဒေါ်တုံကျိုဇိ(ခ)ဒေါ်ကြူကြူ (Managing Director)၊ စီမံမန်နေဂျာ ဒေါ်သင်းသင်းစိုး (အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဒေါ်အေးအေးနွယ်(​ဒေါ်ခင်အေးနွယ်) ပါ (၄၈) ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီ သို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဒေါ်စန်းစန်း အဖွဲ့ဝင်များဖြစ်သော ဦးသန်းမောင် နှင့် ဦးတင်ထွန်း တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၁၉/၂၀၁၈) ဖြင့် ၂၈-၃-၂၀၁၈ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်-အပြည့်အစုံ..... (153)