ခုံသမာဓိကောင်စီ၏အောင်နိုင်သူပလပ်စတစ်ထုတ်လုပ်မှုကုမ္ပဏီလီမိတက် နှင့် ဦးနေမျိုးလင်း တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၁၈/၂၀၁၈)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃)၊ ဒီပဲယင်းဝန်ထောက်ဦးမြဲလမ်း၊ အမှတ် (၃၃) ရှိ ပိုင်ရှင် ဦးမြင့်ဦး၊ ဦးခင်မောင်ဌေး (HR) နှင့် ဦးနေမျိုးလင်း တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီ သို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း အဖွဲ့ဝင်များဖြစ်သော ဦးသန်းမောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၁၈/၂၀၁၈) ဖြင့် ၂၀-၃-၂၀၁၈ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်- အပြည့်အစုံ... (182)