ခုံသမာဓိကောင်စီ၏ DS ကြွေပြားစက်ရုံ နှင့် ဦးလှမိုးလွင် ပါ အလုပ်သမား (၃) ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၁၁/၂၀၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၁) ကနောင်မင်းသားကြီးလမ်း၊ အမှတ် (၉) ရှိ DS ကြွေပြားစက်ရုံ၊ Mrs ZHU YIN (အလုပ်ရှင်/ Managing Director)၊ ဦးဟော်မင်းချန် (စက်ရုံတာဝန်ခံ/ အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဦးလှမျိုးလွင်ပါ အလုပ်သမား (၃) ဦး တို့အကြားဖြစ်ပွားသော အငြင်းပွားမှုအား လှိုင်သာယာ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပေးသော်လည်း ပြေလည်မှုမရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိ ကောင်စီသို့ လျှောက်ထားလာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဌ ဦးဖေအောင်ဝန် အဖွဲ့ဝင်များ ဖြစ်သော ဦးထွန်းအောင် နှင့် ဦးရဲကျော်သူ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၁၁/၂၀၁၉) ဖြင့် ၂၀-၉-၂၀၁၉ ရက်နေ့တွင် အောက်ပါအတိုင်း ကြားနာစစ်ဆေးဆုံးဖြတ်ခဲ့ပါသည်-အပြည့်အစုံ.. (25)