EPS စနစ် ဖြင့် ကိုရီးယားနိုင်ငံ သို့ သွားရောက်အလုပ်အလုပ်ကိုင်ခဲ့သည့် မြန်မာအလုပ်သမားများ၏ ရသင့်ရထိုက်သည့် ခံစားခွင့်ငွေများ ပြန်လည်ထုတ်ယူရန် ကြေညာခြင်း

EPS စနစ် ဖြင့် ကိုရီးယားနိုင်ငံ သို့ သွားရောက်အလုပ်အလုပ်ကိုင်ခဲ့သည့် မြန်မာအလုပ်သမားများ၏ ရသင့်ရထိုက်သည့် ခံစားခွင့်ငွေများ ပြန်လည်ထုတ်ယူရန် ကြေညာခြင်း

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ EPS စနစ်ဖြင့်ကိုရီးယား သမ္မတနိုင်ငံသို့သွားရောက်အလုပ်လုပ် ကိုင်ခဲ့သည့်မြန်မာအလုပ်သမားများအနက်မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိလာပြီး အကြောင်း အမျိုးမျိုးကြောင့် အပြန်ခရီးစရိတ် / လုပ်သက်ဆုငွေများ မထုတ်ယူခဲ့သည့် အလုပ်သမားများအနေဖြင့် ရသင့်ရထိုက် သည့် ခံစားခွင့်များ ပြန်လည်ထုတ်ယူနိုင်ရန် အတွက် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံး ၊ နဂါးရုံဘုရားလမ်း၊ (၈)မိုင်၊ ပြည်လမ်း သို့ လူကိုယ်တိုင်လာရောက် ဆက်သွယ်ကြပါရန် နှင့် နောက်ဆုံးကိုင်ဆောင်ခဲ့သည့် နိုင်ငံကူးလက်မှတ်မူရင်း/မိတ္တူ ၊ ကိုရီးယား နိုင်ငံ တွင် ရရှိခဲ့သည့် ID Card မိတ္တူ ၊ ကာယကံရှင်၏ ဘဏ်စာအုပ် စသည့် အထောက်အထား စာရွက်စာတမ်းများ တစ်ပါတည်း ယူဆောင်လာပါရန် နှင့် ပူးတွဲပါ အမည်စာရင်းများ ကြည့်ရှု နိုင်ပါသည် . . . . .

လျှောက်ထားနိုင်သည့် အလုပ်သမားများ၏ အမည်စာရင်း အပြည့်အစုံ သိရှိရန် . . . . . (2427)