ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေသစ် ပြင်ဆင်ဆွေးနွေးမှုအစည်းအဝေး

ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း)၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အခန်း၊ စစ်ဆေး အကဲဖြတ်ခြင်းဆိုင်ရာ ရန်ပုံငွေအခန်း၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်ကြားရေးအခန်း၊ အလုပ်သမား များ ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားရေးရန်ပုံငွေ ထူထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်းအခန်းတို့ကို အဓိကထား ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေသစ် ပြင်ဆင်ဆွေးနွေးမှု အစည်းအဝေးကို ၁-၆-၂၀၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့၊ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများ၊ NSSA မှ တာဝန်ရှိသူများ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဦးဖြိုးမြင့်ဆွေနှင့် တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များဖြစ်သော GIZ၊ Swisscontact၊ ADB၊ IOM တို့မှ တာဝန်ရှိသူများ၊ အောင်မြင်မှုမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ကျွမ်းကျင်သူများ၊ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ စက်မှုကြီးကြပ်ရေးအဖွဲ့ဝင် တာဝန်ရှိသူများ၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၇၅)ဦး တက်ရောက် ခဲ့ကြပါသည်။

1
တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြစဉ်

3
တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြစဉ်

4
တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြစဉ်