ခုံသမာဓိကောင်စီ၏ ချမ်းဟိန်းကုမ္ပဏီလီမိတက် နှင့် ဦးထွန်းခင် တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၈၅/၂၀၁၆)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဥယာဉ်မြို့တော်၊ ရန်ကုန်စက်မှုဇုန်၊ အမှတ် (၃) ရှိ ချမ်းဟိန်းကုမ္ပဏီလီမိတက် ပိုင်ရှင် ဦးကျော်ဟိန်း နှင့် ဦးထွန်းခင် တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီ သို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးသောင်းစိန်၊ အဖွဲ့ဝင်များဖြစ်သော ဦးထွန်းအောင် နှင့် ဦးရဲနိုင်ဝင်း တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေ ထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၈၅/၂၀၁၆) ဖြင့် ၂၂-၁၁-၂၀၁၆ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်-အပြည့်အစုံ သိရှိနိုင်ပါရန် ..... (233)