ခုံသမာဓိကောင်စီ၏ Mann Yadanarpon Airlines Co.,Ltd နှင့် ဒေါ်ကူးကူးကြွယ် (လေယာဉ်မယ်) တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၈၄/၂၀၁၆)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇) မိုင်၊ သာလ္လာဝတီလမ်း၊ အမှတ် (၃) ရှိ Mann Yadanarpon Airlines Co.,Ltd ပိုင်ရှင် ဦးသန်းဦး၏ကိုယ်စား ဒေါ်လှခင်(ခ)ခင်မာထွန်း (Admin Manager ၊ အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဒေါ်ကူးကူးကြွယ် (လေယာဉ်မယ်) တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီ သို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဒေါ်စန်းစန်း အဖွဲ့ဝင်များဖြစ်သော ဦးသန်းမောင် နှင့် ဦးရဲနိုင်ဝင်း တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေ ထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၈၄/၂၀၁၆) ဖြင့် ၂၉-၁၁-၂၀၁၆ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်-အပြည့်အစုံသိရှိနိုင်ပါရန် ..... (321)