ခုံသမာဓိကောင်၏Myanmar Handsome Garment Co.,Ltd နှင့် ဒေါ်အေးကြွယ် ပါ(၂) ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၈၁/၂၀၁၇)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်၊ ပန်တဉ်းဝန်ဦးရွှေဘင်လမ်း၊ အမှတ် (၁၆၇) ရှိ Myanmar Handsome Garments Co.,Ltd ပိုင်ရှင် Mr. Yu Zhi Hua ၊ ဦးဖိုးဇော် (မန်နေဂျာ၊ စက်ရုံမှူး) (အလုပ်ရှင်၏အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် အလုပ်သမား ဒေါ်အေးကြွယ် ပါ (၂) ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီ သို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးဖေအောင်ဝန်၊ အဖွဲ့ဝင်များဖြစ်သော ဦးထွန်းအောင် နှင့် ဦးတင်ထွန်း တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၈၁/၂၀၁၇) ဖြင့် ၁၃-၁၂-၂၀၁၇ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည် အပြည့်အစုံ သိရှိနိုင်ရန်... (185)