ခုံသမာဓိကောင်စီ၏ Myan Mode Co.,Ltd(အထည်ချုပ်စက်ရုံ) နှင့် ဦးညီညီထွေး (ပါ) ၅ ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၇၂/၂၀၁၇)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်း၊ အမှတ် (၅၀၄) ရှိ Myan Mode Co.,Ltd (အထည်ချုပ်စက်ရုံ) ပိုင်ရှင် Mr. Cho Seung Hee (MD) နှင့် ဦးညီညီထွေး (ပါ) အလုပ်သမား (၅) ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီ သို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးအောင်သန်း၊ အဖွဲ့ဝင်များဖြစ်သော ဦးထွန်းအောင် နှင့် ဦးမောင်မောင်အေး တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၇၂/၂၀၁၇) ဖြင့် ၈-၁၁-၂၀၁၇ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်-အပြည့်အစုံ သိရှိနိုင်ပါရန် .......... (90)