ခုံသမာဓိကောင်စီ၏ ရွှေဇင်အေးအထည်ချုပ်စက်ရုံ နှင့် ဒေါ်ဇင်မာထွန်း တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၆၈/၂၀၁၇)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန်၊ ဦးဖိုးလှိုင်လမ်း၊ အမှတ် (၅၆) ရှိ ရွှေဇင်အေးအထည်ချုပ်စက်ရုံ ပိုင်ရှင် ဦးစန်းယု၊ ဦးစိုးအောင် (Admin Manager)(အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဒေါ်ဇင်မာထွန်း တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီ သို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးသောင်းစိန်၊ အဖွဲ့ဝင်များဖြစ်သော ဦးထွန်းအောင် နှင့် ဦးသင်းမောင်ဆွေ တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၆၈/၂၀၁၇) ဖြင့် ၂၀-၁၀-၂၀၁၇ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်- အပြည့်အစုံ သိရှိနိုင်ပါရန် .......... (88)