ခုံသမာဓိကောင်စီ၏ ကမ္ဘာအထည်ချုပ်စက်ရုံ နှင့် ဦးရဲမြင့် ပါ ယာဉ်မောင်းအလုပ်သမား (၃) ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၂၄/၂၀၁၇)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အမှတ်(၁၃၈/၁၄၉)၊ ရွှေပြည်သာတံတားလမ်း ရှိ ကမ္ဘာအထည်ချုပ်စက်ရုံ ပိုင်ရှင် Mr. Park Chung Youl ၏ ကိုယ်စား ဦးမောင်မောင်ဌေး (မန်နေဂျာ၊ အလုပ်ရှင်၏ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဦးရဲမြင့် ပါ ယာဉ်မောင်းအလုပ်သမား (၃) ဦး တို့ အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှု အပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီ သို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဒေါ်စန်းစန်း အဖွဲ့ဝင်များဖြစ်သော ဦးသန်းမောင် နှင့် ဦးဌေး တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၂၄/၂၀၁၇) ဖြင့် ၃-၅-၂၀၁၇ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်- အပြည့်အစုံ သိရှိနိုင်ပါရန် .......... (209)