ခုံသမာဓိကောင်စီ၏ Charming Garments MFG Co.,Ltd နှင့် ဒေါ်သီတာလှိုင် ပါ အလုပ်သမား ၂၈ ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် (၂/၂၀၁၇)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ စက်မှုဇုန် (၂)၊ ဆိပ်ကမ်းသာလမ်း၊ အမှတ် ၃၈ ရှိ Charming Garments MFG Co., Ltd ပိုင်ရှင် ဒေါ်နန်းစံဆိုင် (MD)၊ ဒေါ်ခိုင်ခိုင်ဆင့် (Admin manager ၊ အလုပ်ရှင်၏ အထူးကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) နှင့် ဒေါ်သီတာလှိုင်ပါ အလုပ်သမား (၂၈) ဦး တို့အကြား ဖြစ်ပွားသော အငြင်းပွားမှုအား ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ဆုံးဖြတ်ခဲ့မှု အပေါ် ကျေနပ်မှုမရှိပါသဖြင့် ခုံသမာဓိကောင်စီ သို့ အယူခံတက်လာမှုအပေါ် ခုံသမာဓိကောင်စီမှ ဥက္ကဋ္ဌ ဦးသောင်းစိန်၊ အဖွဲ့ဝင်များဖြစ်သော ဦးထွန်းအောင် နှင့် ဦးနေမင်း တို့ပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းပြီး ခုံအဖွဲ့မှ တောင်းဆိုသူနှင့် တောင်းဆိုခြင်းခံရသူတို့ တင်ပြသည့် သက်သေ ထွက်ဆိုချက်များအပေါ် အခြေခံ၍ အမှုအမှတ် (၂/၂၀၁၇) ဖြင့် ၃-၂-၂၀၁၇ ရက်နေ့တွင် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်- အပြည့်အစုံ သိရှိနိုင်ပါရန် .................. (294)