အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှတာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စများဆွေးနွေး

နေပြည်တော် မေ လ ၈
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဌ ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ၁၀၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံသို့ တက်ရောက်ရန်အတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရေး၊အလုပ်သမားအဖွဲ့အစည်းဥပဒေ(မူကြမ်း) တွင်(CTUM)အဖွဲ့အနေဖြင့် ပြင်ဆင်ဖြည့်စွက်လိုသည့်ကိစ္စရပ်များ ၊ အစိုးရ အလုပ်ရှင် အလုပ်သမား သုံးပွင်ဆိုင်ယန္တရား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့(ILO)နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။