ILO ရာပြည့်အထိမ်းအမှတ် ဆုရသူများဆုချီးမြှင့်မည့်နေ့ရက်ထုတ်ပြန်

နေပြည်တော် အောက်တိုဘာလ ၁၀ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)၏ ရာပြည့်နှစ်အထိမ်းအမှတ် အဖြစ် “ILOရာပြည့်မှစသင့်လျော်ကောင်းမွန်သော အလုပ်အကိုင်တိုးမြှင့်ရေးနှင့်လူမှုတရားမျှတ ရေးမြှင့်တင်ဆောင်ရွက်ကြ” ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကို ဖိတ်ခေါ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အနှံ့အပြားမှ အလွတ်တန်းပညာရှင် ၅၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများစာရင်းကို ၅-၇-၂၀၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းကြေညာခဲ့ပြီးဖြစ်ပါသည်။
၂၁-၁၀-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနနှင့် ILO၊ ရန်ကုန် တို့ပူးပေါင်း၍ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပမည့် ရာပြည့်အထိမ်းအမှတ်အခမ်းအနား (Centenary Event)၌ ဆုရရှိသူများကိုဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်း အသိပေးအကြောင်းကြားပါသည်။
အခမ်းအနားတက်ရောက်နိုင်ရေးဖိတ်ကြားစာများကို ဆုရရှိသူများထံပေးပို့မည်ဖြစ်ကြောင်း နှင့် အခမ်းအနား တက်ရောက်နိုင်ခြင်း ရှိ/မရှိ ဆောင်းပါးပြိုင်ပွဲ စိစစ်အကဲဖြတ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ဒေါ်တင်မာထွေး၊ ဖုန်းနံပါတ် ၀၆၇-၄၃၀၀၉၀သို့ ဆက်သွယ်အတည်ပြုရန်ဖြစ်ကြောင်း သတင်းရ ရှိသည်။