ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ Assistant High Commissioner for Protection Mr. Volker Turk နှင့်အဖွဲ့အား နေပြည်တော်၌ တွေ့ဆုံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေး။

နေပြည်တော်၊ နိုဝင်ဘာလ ၁ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ Assistant High Commissioner for Protection Mr. Volker Turk ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်မြို့ရှိ UNHCR ဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiis တို့အား နိုဝင်ဘာလ(၁) ရက်၊ ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မရှင်ဖွဲ့စည်း၍ နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းပူးပေါင်းဆောင် ရွက်နေမှုနှင့် ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်း အဆင့်ဆင့်၊ မိမိတို့ဝန်ကြီးဌာနနှင့် UNHCR တို့အကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် MoU ရေးထိုးနိုင်မည့်အခြေအနေ၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်နှင့် NV Card ထုတ်ပေးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ၁၉၉၃ ခုနှစ်က ဆောင်ရွက် ခဲ့သည့် ပြန်လည်လက်ခံရေးဆိုင်ရာ အတွေ့အကြုံများအပေါ်အခြေခံ၍ မိမိတို့ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ပြန်လည်လက်ခံရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေ များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။(-)