အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊လူမှုဖူလုံရေးအဖွဲ့ စာရေးဝန်ထမ်းကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၁၇) သင်တန်းဖွင့်ပွဲအခမ်းအနား

နေပြည်တော်၊ မေ လ ၂ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ၏ စာရေးဝန်ထမ်းကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၁၇) သင်တန်းဖွင့်ပွဲအခမ်းအနား ကို ၂-၅-၂၀၁၇ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ သင်တန်းခန်းမ(၁) ၌ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား/သူ (၅၉) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂-၅-၂၀၁၇ ရက်နေ့ မှ ၁၃-၅-၂၀၁၇ ရက်နေ့ထိ ရက်သတ္တပတ်(၂)ပတ်ကြာ သင်ကြားပေးသွား မည်ဖြစ်ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်(၁၀:၀၀)နာရီ အချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။
Capture2