ILO ရာပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲများ ကျင်းပမည်

နေပြည်တော် ဧပြီ ၃၀

၁။ ၂၀၁၉ ခုနှစ်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ရာပြည့်နှစ်အထိမ်းအမှတ်အခမ်းအနားကို အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအလိုက်ကျင်းပရာတွင် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ILO၊ ရန်ကုန်နှင့် ပူးပေါင်း ၍ ILO ရာပြည့်ဆောင်းပါးပြိုင်ပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲကို ကျင်းပမည်ဖြစ်ပါသည်။

၂။ ဆောင်းပါးပြိုင်ပွဲခေါင်းစဉ်မှာ မြန်မာဘာသာဖြင့် “ILO ရာပြည့်မှစ သင့်လျော်ကောင်းမွန် သော အလုပ်အကိုင်တိုးမြင့်ရေးနှင့် လူမှုတရားမျှတရေး မြှင့်တင်ဆောင်ရွက်ကြ” ဖြစ်သည်။

၃။ ပြိုင်ပွဲဝင်လိုသူများသည် အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယှဉ်ပြိုင် လျောက်ထားရမည်-
(က) စာမူကို ကွန်ပျူတာဖြင့်ဖြစ်စေ၊ လက်ရေးဖြင့်ဖြစ်စေ၊ စာမျက်နှာတစ်ဖက်တည်း တွင် စာလုံးရေသုံးထောင်မှ ငါးထောင်အတွင်း ရေးသားရန် ( Pyidaungsu Font Size 13)၊

  • (ခ) ပြိုင်ပွဲဝင်တစ်ဦးအတွက် စာမူဆောင်းပါးတစ်ပုဒ်သာ တင်သွင်းရန်၊
  • (ဂ) စာမူ မူရင်းနှင့် မိတ္တူကို ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း နှင့် မည်သည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင်မှ ထည့်သွင်းဖော်ပြခဲ့မှုမရှိခြင်း၊ အခြားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ကြောင်း ဝန်ခံချက်ရေးသား၍ပူးတွဲ တင်ပြရန်၊
  • (ဃ) ဆောင်းပါးရေးသူ၏ကိုယ်ရေးရာဇဝင်တွင် အမည်ကို မြန်မာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးစာလုံးဖြင့်ဖော်ပြပြီး အဖအမည်၊ အသက် (မွေးသက္ကရာဇ်)၊ ကျား၊ မ၊ နိုင်ငံ သားစိစစ်ရေးကတ်ပြားအမှတ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ နှင့် ဆက်သွယ်ရမည့် တယ်လီဖုန်းအမှတ်၊ တိုင်းဒေသကြီး/ ပြည်နယ်တို့ကို ပြည့်စုံ စွာဖြည့်စွက်ရေးသားဖော်ပြပြီး ပတ်စပို့ဓာတ်ပုံသုံးပုံ ပူးတွဲတင်ပြရန်။
  • ၄။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊ နေပြည်တော်၊ ဆောင်းပါးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးထံသို့ ပြိုင်ပွဲဝင် စာမူများကို ယခင်ထုတ်ပြန်ကြေညာထားသည့် မေလ ၆ ရက်နေ့၊ အစား မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပေးပို့ရပါမည်။

    ၅။ ပြိုင်ပွဲဆုများအဖြစ် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် သုံးသိန်း၊ တတိယဆု ငွေကျပ် နှစ်သိန်း၊ နှစ်သိမ့်ဆု/ အထူးဆု ငါးဆုအတွက် တစ်ဆုလျှင် ၁ သိန်းကျပ် သတ်မှတ်ထား ပြီး ဆုရသူများကို မေလနောက်ဆုံးပတ်တွင် ရန်ကုန်၌ ကျင်းပမည့် Centenary Launch Event အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်သည်။

    ၆။ ရွေးချယ်ခြင်းမခံရသည့်စာမူများကို ပြန်လည်ပေးပို့မည်မဟုတ်ပါ။

    ၇။ ဆောင်းပါးပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဒေါ်တင်မာထွေး၊ အတွင်းရေး မှူး၊ ဆောင်းပါးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ ဖုန်း-၀၆၇-၄၃၀၀၉၀ ကို ဆက်သွယ်စုံစမ်း နိုင်သည်။