ILO နှင့် မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးခဲ့သည့် အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်းစီမံချက် တွင် လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အတည်ဖော်ရေးအတွက် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ (HLWG) ညှိနှိုင်းအစည်းအဝေး(၁/၂၀၁၈)ကျင်းပ

နေပြည်တော်၊ မေ ၂၃ ရက်
ILO နှင့် မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးခဲ့သည့် အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်း စီမံချက်တွင် လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အတည်ဖော်ရေးအတွက် အလုပ်သမား ရေးရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး(၁/၂၀၁၈)ကို ၂၀၁၈ ခုနှစ် မေလ ၂၃ ရက်နေ့ နံနက် ၁ဝ ၀၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင်ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်အတူ ကော်မတီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး နှင့်ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ အိုင်အယ်လ်အိုရန်ကုန်ရုံးမှ အိုင်အယ်လိုဆက်သွယ်ရေးအရာရှိ Mr. Rory Mungoven တို့တက်ရောက်ခဲ့ကြပါသည်။
သတင်းအပြည့်အစုံ…