အလုပ်သမားဝန်ကြီးဌာန ၏ (၆၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပခြင်း

November 1st, 2011, Filed under news

အလုပ်သမားဝန်ကြီးဌာန ၏ (၆၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော် ရုံးအမှတ်(၅၁) ရှိ အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမဆောင် ၌ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့ နံနက်(၀၈:ဝဝ)နာရီ တွင် ကျင်းပပြုလုပ်ပါသည်။

အဆိုပါ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ၊ အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ ဦးစီးဌာန၊ အဖွဲ့၊ ကော်မတီရုံးများ မှ ညွှန်ကြားရေးမှူးချုပ်များ ၊  ဥက္ကဋ္ဌနှင့် အရာထမ်း ၊ အမှုထမ်းများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပါသည်။ ထို့နောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဆုများ ချီးမြှင့်ပေးအပ်ရာ ဝန်ကြီးဌာန ရှိ ဦးစီးဌာန ၊ အဖွဲ့ ၊ ကော်မတီရုံးများမှ အကောင်းဆုံးစွမ်းဆောင်ရည်ရုံးဆု ၊ လုပ်သက်အကြာဆုံးဆု ၊ သွေးလှူရှင်ဆု နှင့် ၂၀၁၁ ခုနှစ် အတွင်း ထူးခြားသောစွမ်းဆောင်ရည်များဖော်ပြနိုင်ကြသည့် ဝန်ထမ်းများအား  ပြည်ထောင်စု ဝန်ကြီး ၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးအဖွဲ့မှူးတို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ ပါသည်။ ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန ၏ ( ၆၄ ) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်ခဲ့သော  ဝန်ကြီးဌာနတွင်း အားကစားပြိုင်ပွဲများဖြစ်သည့် ဘော်လီဘော၊ ပိုက်ကျော် ခြင်း ၊ ကြက်တောင်ရိုက် နှင့် စားပွဲတင်တင်းနစ် (အမျိုးသား / အမျိုးသမီး) ပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်း ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး နှင့် ပြည်ထောင်စုဝန်ကြီး၏ဇနီး ၊ ဒုတိယဝန်ကြီး၏ဇနီးတို့မှ ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ပြီး၊ ပျော်ပွဲရွှင်ပွဲအဖြစ် ငွေသားကံစမ်းမဲ များ ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။