မြန်မာနိုင်ငံ၏ အလုပ်သမားရေးရာဥပဒေများ ပြုပြင်ပြောင်းလဲရေးကို ပြန်လည်သုံးသပ်ရန်နှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်တည်ဆောက်ရန်အတွက် တတိယအကြိမ်ဆွေးနွေးပွဲ အခမ်း အနားသို့အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်

နေပြည်တော် ဇန်နဝါရီလ ၁၇ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ဒိန်းမတ်နိုင်ငံ၊ဥရောပသမဂ္ဂနှင့် International Labour Organization (ILO) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အလုပ်သမားရေးရာဥပဒေများ ပြုပြင်ပြောင်းလဲရေးကို ပြန်လည် သုံးသပ်ရန်နှင့် အဖွဲ့အစည်းဆိုင်ရာစွမ်းဆောင်ရည်တည်ဆောက်ရန်အတွက် တတိယအကြိမ် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား (3rd Stakeholders Forum on Labour Law Reform and Institutional Capacity Building)ကို၂၀၁၈ခုနှစ်၊ဇန်နဝါရီလ ၁၇ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ၊ Kempinski Hotel ၌ကျင်းပခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များဖြစ်ကြ သော အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံနှင့် EU တို့မှသံအမတ်ကြီးများနှင့် ကိုယ်စားလှယ် များ၊ ILO မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၁၅၀) ဦး ခန့်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ၌ ယနေ့ကျင်းပပြုလုပ် သည့်ဆွေးနွေးပွဲဖိုရမ်သည် မြန်မာနိုင်ငံ၏အလုပ်သမားရေးရာဥပဒေများ ပြုပြင်ပြောင်းလဲရေးကို ပြန်လည်သုံးသပ်ရန်နှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်တည်ဆောက်ရန်အတွက် တတိယ အကြိမ်မြောက် ကျင်းပသည့် ဖိုရမ်ဖြစ်ပါကြောင်း၊၂၀၁၅ ခုနှစ်၌ကျင်းပခဲ့သည့် ပထမအကြိမ်ဖိုရမ် တွင် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရကိုယ်စားလှယ်များ ပါဝင်သည့် အမျိုးသားအဆင့် သုံးပွင့်ဆိုင် မိတ်ဖက်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး အလုပ်သမားဥပဒေများ ပြင်ဆင်ရေးကို သဘောတူညီခဲ့ပါကြောင်း။
၂၀၁၆ခုနှစ်၊ အစိုးရသစ်လက်ထက်တွင်ကျင်းပသည့် ဒုတိယအကြိမ်ဖိုရမ်တွင် အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူစာချုပ် (မူကြမ်း)အားသုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးရန်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေစသည့် ဥပဒေ (၃) ခုကိုဦးစားပေးပြင်ဆင်ရန်ထပ်မံအတည်ပြုနိုင်ခဲ့ပါကြောင်း။
ယခုတတိယအကြိမ်ဖိုရမ် ပထမနေ့တွင် session(၃)ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့ နိုင်ငံ၏ အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲမှု၊ အလုပ်သမားကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ ကြုံတွေ့ နေရသည့်စိန်ခေါ်မှု၊ စသည့် ရှေ့ဆက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ Initiative Partner နိုင်ငံများကကိုယ်စားလှယ်များပါဝင်ပြီး အပြန်အလှန်ဆွေးနွေးသွားကြမည် ဖြစ်ပါကြောင်း။ ထို့အပြင်ဒုတိယနေ့တွင်နိုင်ငံအတွက် ရေရှည်ကောင်းမွန်သော လုပ်ငန်းခွင်ဆက်ဆံရေးအတွက် Collective Bargaining နှင့်ပတ်သက်ပြီးစနစ်ကျနစွာဆောင်ရွက်နိုင်မှသာလျှင် ရေရှည်ကောင်း မွန်သော လုပ်ငန်းခွင်ဆက်ဆံရေး အားအထောက်အကူပြုနိုင်မည်ဖြစ်၍ နိုင်ငံအတွက်ကောင်းမွန် သည့်အသိအမြင်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
Labourကဏ္ဍတွင်ပြုပြင်ပြောင်းလဲမှုအနေဖြင့်ကျန်ရှိသည့်တည်ဆဲအလုပ်သမားဥပဒေများကို လည်းစိစစ်သုံးသပ်ပြီး ခေတ်ကာလနှင့်ကိုက်ညီစေရန် ပြင်ဆင်မှုများပြုလုပ်လျှက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်မှန်ကန်မှုရှိပြီး လက်ရှိအခြေအနေကိုထင်ဟပ်စေသည့် အလုပ်သမား ရေးရာကိန်းဂဏန်းများရရှိရေးသည် အရေးကြီးသည်နှင့်အညီ ၂၀၁၅ခုနှစ်တွင် လုပ်သားအင်အား စစ်တမ်း(Labour Force Survey) အပြည့်အစုံကို ILO၏အကူအညီဖြင့် ကောက်ယူနိုင်ခဲ့ ပါကြောင်း။ သို့ပါ၍ နိုင်ငံ၏ အရေးပါသည့် အင်အားစုဖြစ်သောworkforceနှင့် ပတ်သက်သည့် ကိန်းဂဏန်းတွေရရှိပြီး ရရှိသောအချက်အလက်များကို သက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်း အားလုံးကိုလည်းပေးပို့ပြီး လိုအပ်သလိုမျှဝေ အသုံးပြုလျှက်ရှိပါကြောင်း။ သို့ဖြစ်ပါ၍ လုပ်သား စျေးကွက် ကိုထင်ဟပ်နိုင်သည့် မူဝါဒ၊ စီမံချက်၊ လုပ်ငန်းစဉ်များချမှတ်နိုင်သည့် လမ်းကြောင်း မှန်ပေါ်ကိုရောက်နေပြီဟုဆိုရမှာဖြစ်ပါကြောင်း။ အဆိုပါကိန်းဂဏန်းအချက်အလက်တွေကောက် ယူမှုတွေကို ဌာန၏ ဘဏ္ဍာငွေနှင့်လူအင်အားအရင်းအမြစ်များ အပေါ်အခြေခံပြီး နှစ်စဉ်ပုံမှန် ဆောင်ရွက်သွားနိုင်ရန်ရည်ရွယ်ထားပါကြောင်း။
ဝန်ကြီးဌာနအနေနဲ့ အလုပ်အကိုင်မူဝါဒများချမှတ်ထားရှိပြီး နိုင်ငံတဝန်း အလုပ်အကိုင် နှင့်အလုပ်သမားရှာဖွေရေးရုံး(၈၁)ရုံးနှင့် လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေပြီး အလုပ်သမား ရှာဖွေသူတွေကို အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း။ ဝေးလံခေါင်ဖျားဒေသများရှိအလုပ်ရှာဖွေ သူများအလုပ်အကိုင်ရရှိရန်အတွက်လည်းMobile Team ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးသည့် အပြင် အလုပ်ရှာဖွေသူများနှင့်အလုပ်သမားလိုအပ်လျက်ရှိသည့် အလုပ်ရှင်များကို ချိတ်ဆက်ပေး နိုင်ရန် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Office Management System တစ်ရပ်ကို Online စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
အလုပ်သမားများ၏ အခြေခံအခွင့်အရေးတစ်ခုဖြစ်သည့် အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းမှုကိုလည်း ၂၀၁၁ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီဆောင်ရွက် ပေးလျက်ရှိပြီး ဥပဒေအာဏာစတင်သက်ဝင်သည့် ၂၀၁၁ ခုနှစ်မှ စ၍ယနေ့အထိ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းပေါင်း (၂၇၁၄)ဖွဲ့ ဖွဲ့စည်းပြီးဖြစ်၍ အလုပ်သမားများ၏ ကိုယ်စားပြုမှု ခိုင်မာအားကောင်းနေပြီဖြစ်တယ်။
အလုပ်သမားများအလုပ်မလုပ်နိုင်တော့တဲ့အချိန်တွင် လူမှုရေးဒုက္ခတွေလျော့ပါး သက်သာ စေရန် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေး လျှက်ရှိပြီးဥပဒေအရ အကျုံးဝင်အလုပ်သမားဦးရေ တိုးမြင့်လာစေဖို့ အသိပညာပေးမှုများ ဆောင်ရွက်ပေးနေသည့်အပြင် အာမခံစနစ်အားလုံး အကောင်အထည်ဖော်နိုင်ရန် အတွက်လည်း အလေးထားဆောင်ရွက်လျှက်ရှိပါကြောင်း။
ယခုလို Labourကဏ္ဍပြုပြင်ပြောင်းလဲမှုတွေ တဖြေးဖြေးနှင့် အရှိန်မြှင့်တင်ဆောင်ရွက် လာနိုင်သည့်အတွက် Labour Market Governance တဖြည်းဖြည်းနဲ့စနစ်ကျပြီး Active Labour Market ဖြစ်လာမယ်လို့ယုံကြည်ပါကြောင်း။ Initiative Partnerများနှင့် Development Partner များအပါအဝင် Labour ကဏ္ဍနှင့်သက်ဆိုင်သည့် Stakeholder များအားလုံး ပူးပေါင်း ကူညီဆောင်ရွက်ပေးမှုတွေအတွက်လည်း အထူးကျေးဇူးတင်ရှိကြောင်း နှင့်ယနေ့ဖိုရမ်တွင် အပြန် အလှန် ဆွေးနွေးမှုမှပေါ်ထွက်လာမည့် အားသာချက်၊ အားနည်းချက်များ အပေါ်မူတည်၍ ရှေ့လုပ်ငန်းစဉ်များကို တိကျမှန်ကန်စွာချမှတ်နိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ILO မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ၊လွှတ်တော် ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့်အလုပ်သမားကိုယ်စားလှယ်တို့ကအသီးသီး အမှာစကားပြောကြား ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် အလုပ်သမားအဖွဲ့အစည်းနှင့် အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲ ရေးကိစ္စရပ်များ၊ အလုပ်သမားရေးရာအငြင်းပွားမှုကိစ္စရပ်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ဇန်နဝါရီလ(၁၇)ရက်နေ့မှ(၁၈)ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။