34th ASSA Board Meeting and Conference သို့ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ခြင်းနှင့် ASSA အဖွဲ့မှ ချီးမြှင့်သည့် Recognition Award လက်ခံရရှိခဲ့ခြင်း

နေပြည်တော် စက်တင်ဘာ ၁၉
၁။ မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့သည် အာဆီယံဒေသတွင်းနိုင်ငံများအကြား လူမှုဖူလုံရေး အစီအစဉ်များ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက် ရန်နှင့် ယင်းနယ်ပယ်နှင့်စပ်လျဉ်းသည့် အသိပညာ၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများ အချင်းချင်းဖလှယ်နိုင်ရန် ရည်ရွယ်၍ ၂၀၁၅ ခုနှစ် တွင် Asean Social Security Association (ASSA) သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။
၂။ ထိုင်းနိုင်ငံ၊ UdonThani ၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော 34th ASSA Board Meeting and Conference သို့ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
၃။ အဆိုပါ အစည်းအဝေးသည် အဖွဲ့ဝင်နိုင်ငံများအကြား အလှည့်ကျနှစ်စဉ်ကျင်းပပြီး အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများ၏ လူမှုဖူလုံရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ASSA News Letter များကိုဖြန့်ဝေခြင်းနှင့် ASSA Awards for Good Practices အတွက် အဖွဲ့ဝင်များ မှပေးပို့လာသည့် ဆောင်းပါးများအပေါ်စီစစ်၍ ဆုများချီးမြှင့်ခြင်း အစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယင်းဆုအတွက် သတ်မှတ်ထားသည့် Innovation၊ Transformation၊ Customer Service၊ Strategic Communication၊ Insurance Coverage Information Technology၊ Financial Literacy နှင့် Governance ခေါင်းစဉ် (၈) ခုအနက် မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့မှ “Financial Sustainment of Social Security Funds of Myanmar and Retirement Security” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ “Ensuring more insurance systems and benefits after practicing the Social Security Law, 2012” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆောင်းပါးနှစ်ပုဒ် ပြုစုရေးသား၍ ASSA သို့ ပေးပို့ခဲ့ပါသည်။
၄။ (၃၄) ကြိမ်မြောက် ASSA Board Meeting တွင် မြန်မာနိုင်ငံလူမှုဖူလုံရေးအဖွဲ့မှ “Financial Sustainment of Social Security Funds of Myanmar and Retirement Security” ခေါင်းစဉ်ဖြင့်ဆောင်းပါးမှ ASSA Recognition Award ရရှိခဲ့ပါသည်။

assa

assa2