ဒဿမအကြိမ် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံအစည်းအဝေးအတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင်အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

နေပြည်တော် စက်တင်ဘာလ ၂၈ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန နှင့် International Labour Organization (ILO) တို့ ပူးပေါင်း၍ ဒဿမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံအစည်းအဝေးအတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင်အကြိုလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၂၈-၉-၂၀၁၇ ရက်နေ့တွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ILO မှ Liaison Officer, Mr Rory Mungoven တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အမျိုးသားလွှတ်တော်/ပြည်သူ့လွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ILO မှ တာဝန်ရှိသူ၊ Task Force on ASEAN Migrant Worker (TFAMW) , ASEAN Triangle Programe, UN/INGO/NGO မှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ရ၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ အပြည့်အစုံ ဖတ်ရှုရန် ...... (46)