2nd Stakeholders Forum on Labour Law Reform and Institutional Capacity Building ဆွေးနွေးပွဲ အခမ်းအနား ကျင်းပခြင်း

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမေရိကန် ပြည်ထောင်စု ၊ဂျပန်နိုင်ငံ၊ဒိန်းမတ်နိုင်ငံ၊ဥရောပသမဂ္ဂနှင့် International Labour Organization (ILO) တို့ ပူးပေါင်း၍ 2nd Stakeholders Forum on Labour Law Reform and Institutional Capacity Building ဆွေးနွေးပွဲ ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့၊ Sedona ဟိုတယ်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊အလုပ်အကိုင် နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြန်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက် အမှာစကား ပြောကြား ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့်ဆွေးနွေးပွဲ သည် မြန်မာနိုင်ငံ၏ အလုပ်သမား ရေးရာဥပဒေ များပြုပြင်ပြောင်းလဲရေးကို ပြန်လည်သုံးသပ်ရန်နဲ့ စွမ်းဆောင်ရည်တည်ဆောက်ရန်အတွက် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အခွင့် အရေးများ၊ လက်တွေ့လုပ်ဆောင်မှုများ၊ အခြေခံမူဝါဒများကိုတိုးမြှင့်နိုင်ရန်အတွက် လုပ်ဆောင်မှု တစ်ရပ်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ရရှိအောင်လုပ်ဆောင်သည့်အခါတွင်လည်း မဖြစ်မနေဆောင်ရွက် သင့် သည့် ဆွေးနွေးပွဲတစ်ရပ် ဖြစ်ပြီးဆွေးနွေးပွဲတွင် အလုပ်သမားဥပဒေများ၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေမှု များနှင့် ပတ်သက်ပြီး အရေးကြီးသည့် ကိစ္စရပ်များကိုဦးစားပေးဆွေးနွေး ကြမှာ ဖြစ်သည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း . . .အပြည့်အစုံ ဖတ်ရှုရန် . . . . (123)

29-9-2016-shakeholder01

29-9-2016-shakeholder02

29-9-2016-shakeholder03

Leave a Reply