အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊အောက်တိုဘာ ၁၈ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ကိုရီးယားနိုင်ငံသံအမတ်ကြီးဖြစ်သူ H.E.Mr.Lee Sang-hwa  ဦးဆောင်သော အဖွဲ့အား ယနေ့နံနက် ၁၀:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမတွင်လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကိုရီးယားနိုင်ငံရှိ မြန်မာအလုပ်သမားများ မိသားစုလွှဲပို့ငွေကိစ္စ၊ မြန်မာနိုင်ငံမှ ကိုးရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်အလုပ်သမားစေလွှတ်ရေးနှင့် အလုပ်သမားဦးရေ တိုးမြှင့်ခေါ်ယူနိုင်ရေးကိစ္စ၊ EPS စာမေးပွဲများပိုမိုကျင်းပနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ လည်း ကောင်း၊မြန်မာနိုင်ငံသားများ အနေဖြင့် ကိုရီးယားနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ရန်စိတ်ဝင်စား သည့် အလုပ်သမားဦးရေများပြားသဖြင့် အရည်အချင်းပြည့်မီသူများ စိစစ်စေလွှတ်နိုင်ရေး ကိစ္စရပ် များနှင့်ပတ်သက်၍လည်းကောင်း၊ ရန်ကုန်မြို့၊ နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ကိုရီးယားနိုင်ငံသား ကျောင်းသားများအတွက် ဗီဇာသက်တမ်း(၁)နှစ်ရရှိရေး ကိစ္စရပ်များ၊ KOICA မှ e-government နှင့်ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍လည်းကောင်း၊ EPS Center တွင် ကိုရီးယားနိုင်ငံသားလက်ထောက်တစ်ဦး ထပ်မံ ခန့်ထားနိုင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံရှိ ကိုရီးယားအထည်ချုပ် လုပ်ငန်းများတွင် တွေ့ကြုံနေရသည့် အလုပ်သမားရေးရာ ကိစ္စရပ်များအားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံရုံးမှ တာဝန် ရှိသူများ၊ ဒေသအာဏာပိုင်များပူးပေါင်း၍ ယခုနှစ်အတွင်း Seminar တစ်ခုကျင်းပရေး ဆောင်ရွက် သွားမည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူ များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။