အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀၁၂ နိုဝင်ဘာ ၁ ရက်

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်အားထိုင်းနိုင်ငံချူလာလောင်ကွန်တက္ကသိုလ်၊ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာအရှေ့တောင်အာရှသုတေသနဌာနမှပါမောက္ခ Supang Chanfavanichမှ ၂၀၁၂ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့လည်(၁၂း၀၀)နာရီတွင် နေပြည်တော်ရုံးအမှတ်(၅၁)ရှိအလုပ်သမားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမသို့လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် နှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။