အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများလက်စွဲစာအုပ် ၂၀၁၇-၂၀၁၈

01. Cover

02. MAP

03.CONT Myan

04. Forward

05. Handbook_2018 (myanmar)

English

လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများလက်စွဲစာအုပ် ၂၀၁၆-၂၀၁၇

English

[download id=”1650″]
[download id=”1651″]
[download id=”1652″]

2016-2017 myanmar

လူ့စွမ်းအားဖွ့ံဖြိုးမှုအညွှန်းကိန်း အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကို ၁၁-၇-၂၀၁၂ ရက်နေ့ နံနက်(၉:ဝဝ)နာရီတွင် နေပြည်တော် ရုံးအမှတ်(၅၁) ၊ အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင်အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကိုယ်စား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ အလုပ်သမား ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှညွှန်ကြားရေးမှူးချူပ် များနှင့် တာဝန်ရှိသူများ၊ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းနှင့် သက်ဆိုင်သော ဝန်ကြီးဌာန အသီးသီးမှညွှန်ကြားရေးမှူးချူပ်များ၊ လူ့စွမ်းအားဖွံ့ဖြိုးမှုဆိုင်ရာ အညွှန်းကိန်းများ ပုံမှန်ထုတ်ပြန် နိုင်ရေး အထောက်အကူပြုလုပ်ငန်း အဖွဲ့ဝင်များ၊ အညွှန်းကိန်းနှင့် သက်ဆိုင်သော ဌာနများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ (၆၅)ဦး တက်ရောက်သည်။

ထို့နောက် နံနက်(၁၀:ဝဝ)နာရီတွင် အလုပ်ရုံဆွေးနွေးပွဲကို စတင်ကျင်းပရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးမျိုးအောင်က အလုပ်ရုံ ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ဆက်လက်၍လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစု ထုတ်ဝေနိုင်ရေးအတွက် အလုပ်သမားညွှန်ကြား‌‌ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူး၊ ဦးအောင်ဌေးဝင်းမှ လူ့စွမ်းအားဖွံ့ဖြိုး မှု ညွှန်းကိန်းများနှင့်ပတ်သက်၍ စာရင်းအင်းဆိုင်ရာ အချက်အလက်များနှင့် ဆောင်ရွက် ထားသည့် လုပ်ငန်းစဉ်အခြေအနေများကိုတင်ပြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များက တင်ပြချက်များအပေါ် ဆွေးနွေးအကြံပြုကြပါသည်။

နေ့လည်ပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အဖွဲ့သုံးဖွဲ့ခွဲ၍ ရင်းနှီးမြုပ်နှံသူများအတွက် လိုအပ်မည့် အညွှန်းကိန်းများ ဖော်ထုတ်ခြင်းကို ဆွေးနွေးသုံးသပ်အကြံပြု တင်ပြကြသည်။

ထို့နောက် အဖွဲ့လိုက် တင်ပြချက်များကို ပြန်လည်ဆွေးနွေးသုံးသပ်၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိပါသည်။