အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဇူလိုင်  ၁၀ ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဩစတြီးယားနိုင်ငံ OeSD မှ Senior Government Program Manager,                 Mr. Wilhelm Faul ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ (၁၀) ရက်နေ့ ယနေ့ မွန်းလွဲ(၂)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံနှင့် ဩစတြီးယားနိုင်ငံတို့အကြား e-Government စနစ် ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ e-ID စနစ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဩစတြီးယားနိုင်ငံအစိုးရမှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်နှင့် ဩစတြီးယားနိုင်ငံ OeSD မှ မြန်မာနိုင်ငံ၏ Unique ID လုပ်ငန်းအတွက် လုပ်ငန်းစီမံချက်များရေးဆွဲဆောင်ရွက်မှုအခြေအနေ၊ OeSD ၏ လုပ်ငန်းစီမံချက်အပေါ် မိမိတို့ဌာနနှင့် အခြားသောဆက်စပ်ဌာနများ၏ သဘောထားမှတ်ချက်ပြုမှုများနှင့် သဘောထား မှတ်ချက်များအပေါ် OeSD မှ ပြန်လည်ဆောင်ရွက်ပေးမည့်အခြေအနေ၊ UID လုပ်ငန်းအတွက် OeSD ၏ အတွေ့အကြုံများ၊ သိသင့်သိထိုက်သည့်အချက်အလက်များ မျှဝေပေးနိုင်ရေး အခြေအနေနှင့် မိမိတို့ဘက်မှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အစီအစဉ်များ၊ UID လုပ်ငန်း ဆောင်ရွက်ရာတွင် Biographic နှင့် Biometric Data များ ကောက်ယူဆောင်ရွက်မည့်အစီအစဉ်၊ နှစ်ဖက်နိုင်ငံအစိုးရ၏ သဘောတူညီမှုအရ လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်ရမည့်အစီအစဉ်၊ လုပ်ငန်းများအဆင်မြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆိုင်ရာအကြံပေးအဖွဲ့ ငှားရမ်းဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာသဘောတူစာချုပ်များ ချုပ်ဆိုဆောင်ရွက်မည့် အစီအစဉ်၊ UID လုပ်ငန်း အောင်မြင်စွာဆောင်ရွက်ပြီးစီးပါက e-ID စနစ်လုပ်ငန်းအတွက်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ၊ မြန်မာနိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး ရေရှည်အကျိုးရှိမည့် စီမံချက်ဖြစ်သည်နှင့်အညီ လုပ်ငန်းများမှန်ကန်တိကျစွာဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည့် အခြေအနေ၊  လုပ်ငန်းများအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် OeSD မှပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။