အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (အလုပ်သမားရေးရာဆိုင်ရာ) ဝန်ထမ်းမိသားစုများ၏ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာလ ၂၅ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ (အလုပ်သမားရေးရာ ဆိုင်ရာ)ဝန်ထမ်းမိသားစုများ၏ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉:၃၀ အချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အတူ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းမိသားစုများတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်ဝန်ထမ်းမိသားစုများက သပြေတောင် ကျောင်းတိုက်၊ရွှေကုက္ကားကျောင်းတိုက်နှင့် ညောင်ရမ်းကျောင်းတိုက် တို့မှ ဆရာတော်သံဃာတော် များထံသို့ ကထိန်လျာဉာတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားအပြီးတွင် ဆရာတော်အရှင်သူမြတ် တို့အား ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ယနေ့ကျင်းပပြုလုပ်သော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ (အလုပ်သမားရေးရာဆိုင်ရာ) ဝန်ထမ်းမိသားစုများ၏ (၁၃) ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန၊အဖွဲ့ရုံး အသီးသီး တို့မှ လှူဒါန်းသည့် ပဒေသာပင်(၁၄)ပင် တွင် ငွေသားတန်ဘိုး ကျပ် ၄၁၇၈၁၀ဝိ/- နှင့် ပစ္စည်တန်ဘိုး ကျပ် ၄၃၈၁၆၀ဝိ/- စုစုပေါင်းတန်ဘိုးငွေ ကျပ် ၈၅၅၉၇၀ဝိ/- အားဆပ်ကပ် လှူဒါန်း ခဲ့ကြောင်းသတင်းရရှိပါသည်။