OSH ကော်မတီဆိုင်ရာ အချက်အလက်များ

ကော်မတီ၏ ရည်မှန်းချက်များ

  • အလုပ်ရှင်နှင့်အလုပ်သမားတို့အကြား တွေ့ဆုံဆွေးနွေးမှုနှင့်
  • ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်
  • အပြန်အလှန် ဆက်သွယ် ဆောင်ရွက်သည့်စနစ်များ ဖြစ်ပေါ်စေရန်၊
  • ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်မှု ကဏ္ဍ များတွင် အလုပ်သမား များ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး စေ့ဆော်တိုက်တွန်းမှုနှင့် အကျိုးဖြစ်ထွန်းမှုကို မြှင့်တင်ရန်၊

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကော်မတီဖွဲ့စည်းခြင်း

  • ဥက္ကဌ (အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်မှ တာဝန်လွှဲအပ်ထားသည့် မန်နေဂျာ)
  • အတွင်းရေးမှူး
  • အဖွဲ့ဝင်များအဖြစ် –
    1. အလုပ်ရှင်ကိုယ်စားလှယ်များ
    2. အလုပ်သမား ကိုယ်စားလှယ်များ (အလုပ်သမား အရေအတွက်ပေါ်မူတည်၍ အနည်းဆုံး (၂)ဦး သို့မဟုတ် (၄)ဦး)

ကိုယ်စားလှယ်ခန့်အပ်ခြင်း

  • ဌာနအသီးသီးမှ ကိုယ်စားပြုသည့် အလုပ်သမား ကိုယ်စားလှယ်များ
  • လစ်လပ်သော နေရာ (ဖော်ပြခဲ့သည့်နည်းအတိုင်းလစ်လပ် သည့်နေရာတွင် ဖြည့်စွက် ခန့်ထားရမည်။)

ဘေး/ကျန်း ကော်မတီ၏ တာဝန်များ

  • စက်ရုံ ၊ အလုပ်ရုံအတွင်း ပုံမှန် စစ်ဆေးခြင်း၊
  • ပုံမှန် အစည်းအဝေးပြုလုပ်ခြင်း၊
  • မတော်တဆ ထိခိုက်မှု စစ်ဆေးခြင်း၊
  • ဘေး/ကျန်း သင်တန်းပြုလုပ်ခြင်း၊
  • မတော်တဆထိခိုက်မှု မှတ်တမ်းတင်ခြင်း၊
  • အစီရင်ခံခြင်း ၊ ပြန်လည်သုံးသပ်ခြင်း၊
  • ဘေး/ကျန်းဆိုင်ရာ ပြိုင်ပွဲ ပြုလုပ်ခြင်း၊

ကော်မတီ၏ လုပ်ငန်းများ

  • ဘေးကင်းသော အလုပ်လုပ်ကိုင်မှုစနစ် ဖြစ်ပေါ်ရေး ကူညီထောက်ပံ့ရန်၊
  • ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အစီအမံများ၏ အကျိုးသက် ရောက်မှုကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်း၊
  • မတော်တဆထိခိုက် မှုနှင့် ရောဂါဘယများကို လေ့လာဆန်းစစ်ခြင်း၊
  • ဘေးမကင်းသည့် အခြေအနေနှင့် လုပ်ဆောင်မှု အလေ့အထ များကို အစီရင်ခံ ခြင်းနှင့် ပြုပြင်ရန်တိုက်တွန်းခြင်း၊
  • ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးမူဝါဒများ စဉ်ဆက်မပြတ်တိုးတက်စေ ရေးသုံးသပ်ခြင်းနှင့် တိုက်တွန်းခြင်း၊
  • ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်မှုအစီအမံ များအားလုံး ပြန်လည်ဆန်းစစ်သုံးသပ်ခြင်း၊
  • လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ဆက်နွယ်သည့် ညွှန်ကြားချက်၊ ထုတ်ပြန်ချက်များအား စုံစမ်းစစ်ဆေးခြင်းနှင့် အလုပ်ရှင်ထံသို့ တင်ပြခြင်း၊
  • အခြားသတ်မှတ်ထားသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးကော်မတီဖွဲ့စည်းနိုင်မှု

လုပ်ငန်းခွင်များတွင် မတော်တဆ ထိခိုက်သေဆုံးမှု များ လျော့နည်းပပျောက်စေရန်၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာများ ပိုမိုသိရှိနိုင်ရန်နှင့် အလုပ်ရှင် အလုပ်သမားများ ကြား ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာအပေါ် တစ်ဦးနှင့်တစ်ဦးနားလည်းမှု ရှိစေရန်ရည်ရွယ်၍ ကော်မတီအား ဖွဲ့စည်းခြင်းဖြစ်ပါသည်။ ယနေ့အထိ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ (၁၀၄၈) ကိုဖွဲ့စည်းနိုင်ခဲ့ပါသည်။ အလုပ်ဌာနများတွင် ကော်မတီများတိုးတက်ဖွဲ့စည်းနိုင်ခဲ့ခြင်းကြောင့် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်ရာလိုအပ်ချက်များကို ထိရောက်စွာဆွေးနွေး ဆောင်ရွက်နိုင်သည်ဟုတွေ့ရှိ့ရပါသည်။

 


၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအထိလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဖွဲ့စည်းထားရှိမှု
စဉ် တိုင်းဒေသကြီး။ ပြည်နယ် လုပ်ငန်းအမျိုးအစား
စုစုပေါင်း
ရန်ကုန်တိုင်း ၁၇၂ ၄၅ ၂၇ ၁၁၅ ၃၂ ၁၈ ၃၉ ၁၆ ၁၂၅ ၅၈၉
ဧရာဝတီတိုင်း ၃၀ ၄၇
မန္တလေးတိုင်း ၁၂ ၁၁ ၄၉ ၃၁ ၃၉ ၁၅၇
မကွေးတိုင်း ၂၄
စစ်ကိုင်းတိုင်း ၁၄ ၁၀ ၄၃
ပဲခူးတိုင်း ၂၂ ၁၅ ၁၄ ၁၆ ၁၃ ၈၄
တနင်္သာရီတိုင်း ၁၈
ရှမ်းပြည်နယ် ၁၃ ၁၁ ၃၃
မွန်ပြည်နယ် ၁၀ ၁၀ ၃၀
၁၀ ကရင်ပြည်နယ်
၁၁ ကချင်ပြည်နယ်
၁၂ ရခိုင်ပြည်နယ်
၁၃ ကယားပြည်နယ်
၁၄ နေပြည်တော်ကောင်စီ ၂၆
စုစုပေါင်း ၂၂၀ ၉၉ ၄၄ ၂၆၄ ၄၉ ၂၇ ၁၁၇ ၂၂ ၂၂၅ ၁၀၆၇